Uncategorized

မြန်မာကို အမှတ်ရစရာဖြစ်သွားအောင်လုပ်ပေးခဲ့တဲ့ မြောက်ကိုရီးယား

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ ​မြောက်ကိုရီးယားအသင်းတို့ပွဲမှာ မြောက်ကိုရီးယားအသင်းက ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ မြောက်ကိုရီးယားအသင်းဆီကနေ အမှတ်ရအောင်ယူဖို့ ဂျပန်အသင်းနဲ့ ပွဲစဉ်က လူစာရင်းကို အနည်းငယ်ပြောင်းလဲပြီး ပွဲထွက်ခဲ့ပေမယ့် မြောက်ကိုရီးယားအသင်းကို ယှဉ်ကစားဖို့ အခက်တွေ့ခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာ ပထမပိုင်းမှာတင် မြောက်ကိုရီးယားအသင်းကို ၃ ဂိုးပေးခဲ့ရတာပါ။

ဒုတိယပိုင်းမှာလည်း မြန်မာအသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ခံစစ်ပိုင်းအမှားအယွင်းတွေကြောင့် နောက်ထပ် ၃ ဂိုးဆက်တိုက်ခွင့်ပြုပေးခဲ့ရပြီး ဝင်းနိုင်ထွန်းရဲ့ချေပဂိုးကြောင့်သာ အိမ်ကွင်းမှာ ဘဲဥကွဲသွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင် မြန်မာအသင်းဟာ ခြေစစ်ပွဲ ၂ ပွဲဆက်တိုက်ကစားပြီး ၂ ပွဲစလုံးအရေးနိမ့်ထားခဲ့တာပါ။

မြောက်ကိုရီးယားအသင်းကတော့ ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest