မြန်မာနိုင်ငံဖူဆယ်နဲ့ သဲသောင်ပြင်ကော်မတီက ကျင်းပနေတဲ့ MFF Rhino Futsal Championship ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်၊တတိယလုပွဲနဲ့ ဗိုလ်လုပွဲတွေမှာ VAR စနစ်ကို အသုံးပြုသွားမယ်လို့ ပြောလိုက်ပါတယ်။

ဖူဆယ်ပြိုင်ပွဲတွေရဲ့ဒီအဆင့်တွေဟာ အရေးပါတဲ့ပွဲတွေဖြစ်တာနဲ့အညီ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ရန်ပွဲတွေလဲဖြစ်ပွားလေ့ရှိတာကြောင့် VAR စနစ်ကို အသုံးပြုဖို့ စီစဉ်လာခဲ့တာပါ။ဒီစနစ်ကို စတင်အသုံးပြုနိုင်ဖို့အတွက် ကျင်းပနေတဲ့ ဒီပြိုင်ပွဲရဲ့ရှုံးထွက် ၂ ပွဲနဲ့ ကွာတားဖိုင်နယ် ၂ ပွဲမှာ စမ်းသပ်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

MFF Rhino Futsal Championship 2023 ပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်ကစတင်ကျင်းပနေပြီး၂၉ ရက်အထိ MFF Futsal Stadium ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။