ဘယ်လ်ဂျီယံနဲ့ ဆွီဒင်အသင်းတို့ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲဟာ ဆွီဒင်ပရိသတ် ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီးနောက် ပထမပိုင်းအပြီးမှာ ဒီပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။

ပွဲမစခင်နာရီပိုင်းအလိုမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့တာပါ။ကစားသမားတွေဟာ ပထမပိုင်းအပြီးမှ ဒီအဖြစ်အပျက်ကို သိခဲ့ရလို့ ဒုတိယပိုင်းကစားဖို့ ငြင်းဆန်ခဲ့တာကို UEFA ကလည်း လိုက်လျောခဲ့ပြီး ပွဲကိုဖျက်သိမ်းဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ ကစားသမားတွေဟာ လုံခြုံရေးအခြေအနေကြောင့် ကွင်းထဲမှာ ၂ နာရီလောက်ရှိနေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ရဲ့အကူအညီတွေနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရတာပါ။ ၁ ဂိုးစီသရေရလဒ်နဲ့ ပွဲပျက်ခဲ့ရတဲ့ ဒီပွဲမတိုင်ခင် ဘယ်လ်ဂျီယံအသင်းဟာ ခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်ပါတယ်။

ဆွီဒင်အသင်းကတော့ ဩစတြီးယားအသင်းခြေစစ်ပွဲအောင်သွားခဲ့လို့ သူတို့အတွက် ဒီပွဲရလဒ်ဟာ ဘာမှမျှော်လင့်ချက်မရှိတော့တဲ့အတွက် ပြန်ကစားဖို့ မလိုတော့ဘူးလို့ အသင်းခေါင်းဆောင် လင်ဒီလော့ဖ်က ပြောခဲ့တာဖြစ်ပါတယ်။