ဘရာဇီးလ်အသင်းဟာ ကျင်းပနေတဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုပွဲစဉ်ဖြစ်တဲ့ မြောက်ကယ်လီဒိုးနီးယားအသင်းနဲ့ပွဲမှာ စံချိန်တင်ဂိုးပေါက်ကန်သွင်းမှု ၈၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ဒီပွဲမှာ ဘရာဇီးလ်အသင်းဟာ မြောက်ကယ်လီဒိုးနီးယားအသင်းကို ၉ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ဘရာဇီးလ်အသင်းဟာ စံချိန်တင်ဂိုးကန်သွင်းမှုပြုလုပ်ခဲ့ပေမယ့် အင်္ဂလန်အသင်းရဲ့သွင်းဂိုးအရေအတွက်ကိုတော့ လိုက်မှီခဲ့ခြင်းမရှိပါဘူး။

အင်္ဂလန်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၃၉ ကြိမ်နဲ့ မြောက်ကယ်လီဒိုးနီးယားအသင်းကို ၁၀ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ဘရာဇီးလ်အသင်းရဲ့ဂိုးပေါက်ကန်သွင်းမှုဟာ ၂၀၁၃ ခုနှစ်က ပြိုင်ပွဲမှာ အိုင်ဗရီကို့စ်အသင်းက နယူးဇီလန်အသင်းဘက်ကို ၄၂ ကြိမ်ကန်သွင်းခဲ့တဲ့ အရေအတွက်ထက် ပိုပြီးများပြားခဲ့တာပါ။

အုပ်စုအဖွင့်ပွဲစဉ်မှာ အီရန်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဘရာဇီးလ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။