Uncategorized

ပရော်ဖက်ရှင်နယ်ကစားသမားဘ၀က အနားယူပြီလို့ အတည်ပြုခဲ့တဲ့ ဟာဇက်

ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဟာဇက်ဟာ အသက် ၃၂ နှစ်အရွယ်မှာပဲ ကစားသမားဘ၀က အနားယူပြီလို့ အတည်ပြုသွားခဲ့ပါတယ်။

ဟာဇက်ဟာ ရီးရယ်လ်အသင်းမှာ ဒဏ်ရာတွေနှိပ်စက်မှုကြောင့် အကောင်းဆုံးပုံစံမရခဲ့တဲ့အတွက် ပြီးခဲ့တဲ့ရာသီအကုန်မှာ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းပြီး စပိန်ကလပ်ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ဟာဇက်ဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းတချို့ရဲ့ချိတ်ဆက်မှုတွေခံခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ကစားသမားဘ၀က အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဟာဇက်က “ခင်ဗျားအသံကို ခင်ဗျားအသံကိုယ်တိုင်နားထောင်ရမှာဖြစ်ပြီး အချိန်တန်ပြီလို့ ပြောရင် ရပ်ရမှာပါ။ကျွန်တော်ာ ၁၆ နှစ်နဲ့ ပွဲပေါင်း ၇၀၀ ကျော်ကစားခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးအနေနဲ့ ကစားသမားဘ၀ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”

“ကျွန်တော့်ရဲ့ကစားသမားဘ၀မှာ မန်နေဂျာကြီးတွေ၊ နည်းပြကြီးတွေ၊အသင်းဖော်ကောင်းတွေနဲ့ တွေ့ဆုံရတာကံကောင်းပါတယ်။အခုလိုကောင်းမွန်တဲ့ အချိန်တွေအတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်။အားလုံးကို သတိရနေမှာပါ။ကျွန်တော့်ကို အားပေးခဲ့ကြတဲ့သူတိုင်းကို အလွန်ကျေးဇူးတင်ပါတယ်။မကြာခင် ကွင်းပြင်ပမှာ ပြန်ပြီးတွေ့ဆုံကြမယ်”လို့ ဆိုခဲ့ပါတယ်။

ဟာဇက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကနေ အနားယူခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest