အင်တာမိုင်ယာမီအသင်းမှာ မက်ဆီရဲ့ကိုယ်ရံတော်အဖြစ် ဆောင်ရွက်နေတဲ့ သူဟာ ကွင်းအတွင်းကျူးကျော်လာတဲ့ လူငယ်ပရိသတ်တစ်ဦးကို မက်ဆီနဲ့ တွေ့ခွင့်ပေးခဲ့ပြီး သူ့ရဲ့လူသားဆန်မှုကို ပြသခဲ့တာဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ကနေ အနားယူခဲ့တဲ့ ယာဆင်ချူကိုဟာ အင်တာမိုင်ယာမီကို မက်ဆီရောက်ရှိလာပြီးကတည်းက မက်ဆီရဲ့ကိုယ်ရံတော်အဖြစ် ကွင်းအတွင်း၊ကွင်းအပြင်မှာ တာဝန်ယူခဲ့တာဖြစ်ပါတယ်။စင်စင်နာတီအသင်းနဲ့ ပွဲအပြီးမှာ လူငယ်ပရိသတ်တစ်ဦးဟာ လုံခြုံရေးတွေကို ကျော်ဖြတ်ပြီး မက်ဆီထံကို သွားရောက်ဖို့ လုပ်ဆောင်ခဲ့တာပါ။
ယာဆင်ချူကိုဟာ ဒီအဖြစ်အပျက်မြင်တွေ့ပြီးနောက် လူငယ်ပရိသတ်တစ်ဦးကို ကြားဖြတ်တားဆီးပြီးနောက် မက်ဆီထံကို ခေါ်ဆောင်ပေးခဲ့ကာ ဘေးနားမှာ ရပ်နေခဲ့တာဖြစ်ပါတယ်။မက်ဆီဟာ အဆိုပါပရိသတ်နဲ့ ဆယ်လ်ဖီရိုက်ပြီး သူ့ရဲ့အင်္ကျီပေါ်မှာ အမှတ်တရလက်မှတ်ထိုးပေးခဲ့ပါတယ်။
Messi's bodyguard is undefeated:
— B/R Football (@brfootball) October 8, 2023
▪️ Makes the play on the pitch invader
▪️ Then gives him a memory for life
🫡 pic.twitter.com/eXknLqlhdC
မေဂျာလိဂ်ပုံမှန်ရာသီဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အင်တာမိုင်ယာမီအသင်းဟာ ပလေးအောဖ့်ဝင်ခွင့်မရခဲ့တာကြောင့် မက်ဆီဟာ ဘာစီလိုနာအသင်းထံ အငှားနဲ့ သွားရောက်ကစားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။