ရီးရယ်လ်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာတော့မယ့် တိုက်စစ်ကစားသမား ဘတ်ပီကို လာမယ့်အပတ်မှာ ကစားသမားသစ်အဖြစ် မိတ်ဆက်မှုပြုလုပ်သွားတော့မှာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/GOAL-Blank-WEB-Facebook-2024-05-31T131638.753-1024x576.webp)
ရီးရယ်လ်အသင်းဟာ ဘတ်ပီကို ဇွန် ၆ ရက်မှာ ကစားသမားသစ်အဖြစ် မိတ်ဆက်မှာဖြစ်ပြီး သူဟာ လာမယ့်အပတ်ထဲ စပိန်ကို လာရောက်ကာ စာချုပ်မှာ လက်မှတ်ရေးထိုးမှုတွေကို ပြုလုပ်သွားဖို့ ရှိနေတာပါ။ဘာပေဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင်မှာ အားလုံးသိချင်နေကြတဲ့ သူ့ရဲ့အနာဂတ်ကို အပြီးသတ်အောင် လုပ်ဆောင်သွားပြီး ယူရိုပြိုင်ပွဲအပေါ် အပြည့်အ၀ အာရုံစိုက်ချင်နေတာဖြစ်ပါတယ်။
ဘတ်ပီဟာ လက်ရှိအချိန်မှာ ပြင်သစ်အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ပြင်ဆင်နေပြီး အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လာရောက်ခဲ့တဲ့ ပရိသတ်တွေထဲမှာ ရီးရယ်လ်အသင်းဂျာစီကို ဝတ်ဆင်ထားတဲ့ ပရိသတ်တစ်ဦးရဲ့ဂျာစီပေါ်မှာ လက်မှတ်ရေးထိုးပေးခဲ့တာပါ။ဘတ်ပီဟာ အဆိုပါပရိသတ်နဲ့ ဓါတ်ပုံလည်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/imagen-de-mbappe-durante-el-entrenamiento-con-la-seleccion-francesa-captura-ffftv.jpg)
ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သြစတြီးယား၊နယ်သာလန်၊ပိုလန်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး ဒီပြိုင်ပွဲမတိုင်ခင် လူဇင်ဘတ်၊မက္ကဆီကိုအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။