ဘရာဇီးလ်ကြယ်ပွင့် အန်းဒရစ်ဟာ ဆန်လော်ရန်ဇိုအသင်းနဲ့ ကိုပါလီဘာတေးဒိုးစ်ပွဲစဉ်မှာ ပါလ်မီးရက်စ်အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပြီးနောက် ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/inbound5030003731525884298-1024x683.jpg)
အသက် ၁၈ နှစ်ပြည့်မယ့် ဇူလိုင်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့မယ့် အန်းဒရစ်ရဲ့နှုတ်ဆက်ပွဲကို ပါးလ်မီးရက်စ်အသင်း ပရိသတ်တွေ ကွင်းလုံးပြည့်လာရောက်ကြည့်ရှုပြီး နှုတ်ဆက်ခဲ့ကြတာပါ။အန်းဒရစ်ဟာ လာမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားပေးပြီးရင် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ကစားရတော့မှာ ဖြစ်ပါတယ်။
အန်းဒရစ်ဟာ ကစားသမားဘဝအစကို ပါးလ်မီးရက်စ်အသင်းမှာသာ စတင်ခဲ့တာဖြစ်ပြီး နောက်ဆုံးပွဲအထိ ပွဲပေါင်း ၈၀ ကစားခဲ့ပြီး ၂၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။အန်းဒရစ်ဟာ ပါးလ်မီးရက်စ်အသင်းနဲ့ ဆုဖလား ၅ လုံးရယူနိုင်ခဲ့ပြီး ဘရာဇီးလ်လိဂ်ရဲ့အကောင်းဆုံးဆုတွေလည်း ရယူနိုင်ခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/inbound6037924754883192379-819x1024.jpg)
အန်းဒရစ်ဟာ ဘရာဇီးလ်အသင်းအတွက် ၄ ပွဲကစားထားပြီး ၂ ဂိုးသွင်းယူထားတာဖြစ်ပါတယ် ။