အသင်းကြီးအများအပြားစိတ်ဝင်စားနေတဲ့ လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး ဆက်စ်ကိုဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/1-1024x768.webp)
အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ဒဏ်ရာတွေ၊ကြံ့ခိုင်မှုပိုင်းတွေနဲ့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်၊ခြေစွမ်းပုံမှန်မရှိတဲ့ အန်ကိတ်တီယာတို့ကြောင့် နွေရာသီမှာ တိုက်စစ်မှူး တစ်ဦးခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာပါ။အာဆင်နယ်အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဆက်စ်ကိုကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။
ဒါပေမယ့် ဆက်စ်ကိုဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တယ်လို့ The Mirror က ဖော်ပြထားတာပါ။ဆက်စ်ကိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဆဲလ်ဘတ်အသင်းကနေ လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် ၁၈ ဂိုးသွင်းယူကာ ခြေစွမ်းပြသနေတာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/0_Benjamin-Sesko-1024x576.webp)
ဆက်စ်ကိုနဲ့ လိုက်ပ်ဇစ်အသင်းတို့ရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၄၃ သန်းသာရှိပေမယ့် ကစားသမားရဲ့ခြေစွမ်းကောင်းမွန်မှုကြောင့် ပေါင် ၆၄ သန်းအထိမြင့်တက်လာခဲ့တာပါ။အာဆင်နယ်အသင်းကတော့ ပေါင် ၄၅ သန်းသာ ပေးချေနိုင်တဲ့အတွက် အပြောင်းအရွှေ့ဖြစ်ဖို့ လိုက်ပ်ဇစ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။