ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဟီလယ်အသင်းကို အရေးနိမ့်ပြီး ဆော်ဒီဘုရင့်ဖလား ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပေမယ့် အသင်းမှာ ဆက်ရှိမယ်လို့ စီအီးအို ဖြစ်သူက အတည်ပြုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/2024-05-31T224240Z_243214570_UP1EK5V1R33RO_RTRMADP_3_SOCCER-SAUDI-ALH-ANA-REPORT-1024x576.jpg)
အယ်လ်နာဆာအသင်းဟာ အယ်လ်ဟီလယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီးနောက်မှာ ရော်နယ်ဒိုဟာ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။အယ်လ်နာဆာအသင်းဟာ ဒီရာသီ အမှတ်ပေးလိဂ်၊ဘုရင့်ဖလားပြိုင်ပွဲတွေမှာ အယ်လ်ဟီလယ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ဆုဖလားတွေနဲ့ ဝေးကွာနေတာပါ။
ရော်နယ်ဒိုဟာ ပွဲအပြီးမှာ ငိုကြွေးနေခဲ့တာကြောင့် သူ့ရဲ့ဆော်ဒီကလပ် အနာဂတ်အပေါ် သံသယရှိလာခဲ့ပေမယ့် အယ်လ်နာဆာအသင်းစီအီးအိုဖြစ်သူ ဖီယန်ဂါက ပေါ်တူဂီကစားသမားဟာ အသင်းမှာ ဆက်ရှိမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကစားသမားဘ၀မှာ အာရပ်ကလပ်ချန်ပီယံဖလားတစ်ခုတည်းကိုသာ ပိုင်ဆိုင်နိုင်ခဲ့တာပါ။
![](https://www.ballpwel.com/wp-content/uploads/2024/06/qv81qcdg_ronaldo-crying_625x300_01_June_24.webp)
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စိတ်ပျက်စရာကောင်းတဲ့ရာသီအပြီးမှာ ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်ရောက်ဖို့ သွားရောက်ပူးပေါင်းတော့မှာဖြစ်ပါတယ်။