ဒေါ့မွန်အသင်းနည်းပြ တာဇစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်းကို အနိုင်ယူပြီး ဆုဖလားရယူမယ်လို့ ပြောလိုက်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/untitled-design-2024-05-31t211704-669-1024x576.webp)
ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁ ကြိမ်သာရယူထားနိုင်ပြီး ၂၀၁၃ က ဗိုလ်လုပွဲတက်ခဲ့တုန်းက ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။အခုတစ်ကြိမ် ဗိုလ်လုပွဲမှာလည်း ရီးရယ်လ်အသင်းဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပေမယ့် ဒေါ့မွန်အသင်းနည်းပြ တာဇစ်က ရီးရယ်လ်အသင်းကို အနိုင်ယူပြီး ချန်ပီယံဖလားရယူမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
တာဇစ်က “ကျနော်တို့ဟာ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ရီးရယ်လ်နဲ့ ကစားရတာဟာ ခက်ခဲမှာဖြစ်ပေမယ့် ဗိုလ်လုပွဲတစ်ပွဲတည်းနဲ့ အရာအားလုံးဖြစ်သွားနိုင်ပါတယ်။သူတို့က ချန်ပီယံဖြစ်ဖို့ ရေပန်းစားပေမယ့် ကျနော်တို့ ဒါကိုဂရုမစိုက်ပါဘူး။ပြီးခဲ့တဲ့ အေတီကိုနဲ့ ပီအက်စ်ဂျီတို့ ပွဲတွေမှာလည်း ကျနော်တို့ ရေပန်းမစားခဲ့ပါဘူး”
![](https://www.ballpwel.com/wp-content/uploads/2024/06/skysports-football-champions-league_6567117-1024x576.jpg)
“ဗိုလ်လုပွဲမှာ အနိုင်ယူဖို့က ကျနော်တို့ရဲ့ရှင်းလင်းတဲ့ရည်ရွယ်ချက်ပါ။ ဒီမှာရှိရတာပျော်ပေမယ့် ဝင်ဘာလေကွင်းမှာ ရီးရယ်လ်ကို အနိုင်ယူပြီး ဆုဖလားရယူသွားမှာပါ”လို့ ဆိုခဲ့ပါတယ်။