အင်တာမိုင်ယာမီအသင်းဟာ ဒီမနက်ကစားခဲ့တဲ့ အတ္တလန်တာအသင်းနဲ့ပွဲစဉ်မှာ ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် မေဂျာလိဂ်ပြိုင်ပွဲမှာ ၁၀ ပွဲဆက်တိုက်ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းရပ်တန့်သွားခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/GOAL-Blank-WEB-Facebook-2024-05-29T211017.861-1024x576.webp)
အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲစဉ်မှာ မက်ဆီ၊ဆွာရက်ဇ်၊ဘတ်စ်ကွက်နဲ့ အယ်လ်ဘာတို့ အားလုံးပါဝင်ခဲ့ပေမယ့် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။မက်ဆီကတော့ ဒီပွဲမှာ အင်တာမိုင်ယာမီအသင်းရရှိခဲ့တဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။မက်ဆီဟာ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် ၁၃ ပွဲကစားအပြီးမှာ ၁၂ ဂိုးသွင်းယူထားတာပါ။
အင်တာမိုင်ယာမီအသင်းဟာ အတ္တလန်တာအသင်းကို အရေးနိမ့်ခဲ့ပေမယ့် မေဂျာလိဂ်အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပြီး အဆင့် ၂ နေရာက စင်စင်နာတီအသင်းထက် ၁ ပွဲပိုကစားထားပြီး ၁ မှတ်အသာရနေတာပါ။အဲ့ဒါကြောင့် အင်တာမိုင်ယာမီအသင်းအနေနဲ့ အဆင့်ပြန်မကျစေဖို့ လာမယ့်ပွဲတွေမှာ အမှားမယွင်းမလုပ်မိဖို့ လိုအပ်နေပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/r1339350_1296x729_16-9-1024x576.jpg)
အင်တာမိုင်ယာမီအသင်းဟာ လာမယ့်မေဂျာလိဂ်ပွဲစဉ်အဖြစ် စိန့်လူးဝစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။