လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်ဟာ အသင်းပရိသတ်တွေနဲ့ နှုတ်ဆက်ခဲ့တဲ့ပွဲမှာ ပရိသတ်တွေက သူ့နာမည်ကို သီချင်းလုပ်ပြီးသီဆိုခဲ့လို့ ငိုကြွေးခဲ့ရတာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/၄၅.jpg)
လီဗာပူးလ်အသင်းကို မေလ ၁၉ ရက်က ကစားခဲ့တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲစဉ်မှာ နောက်ဆုံးကိုင်တွယ်ခဲ့ပြီးနောက် ထွက်ခွာခဲ့တဲ့ ကလော့ပ်ဟာ M&S Bank Arena မှာပြုလုပ်ခဲ့တဲ့ အသင်းပရိသတ်တွေနဲ့ နှုတ်ဆက်ပွဲအတွက် လီဗာပူးလ်ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ဒီနှုတ်ဆက်ပွဲမှာ အသင်းရဲ့ပရိသတ်တွေက ၉ နှစ်ကြာကိုင်တွယ်ခဲ့တဲ့ နည်းပြကို ဂုဏ်ပြုမှုတွေပြုလုပ်ခဲ့ကြပါတယ်။
💔 💔 💔
— Anfield Edition (@AnfieldEdition) May 28, 2024
pic.twitter.com/5kcJxlBwVc
ကလော့ပ်ဟာ လီဗာပူးလ်အသင်းပရိသတ်တွေက သူ့နာမည်ကို သီကြွေးနေခဲ့တာကြောင့် ငိုကြွေးနေတဲ့ ရုပ်သံမှတ်တမ်းတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံသွားခဲ့တာပါ။ ကလော့ပ်က ၂၀၁၅ ခုနှစ်မှာ လီဗာပူးလ်အသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ သူ့ဘဝရဲ့ဒုတိယအကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/6b868b1fbf-1024x576.jpg)
ဇနီးဖြစ်သူ အူယယ်လာကို လက်ထပ်တာပြီးရင် လီဗာပူးလ်အသင်းကို ကိုင်တွယ်တာက သူ့ရဲ့အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ကလော့ပ်က ပွဲထဲမှာ ပြောခဲ့တာပါ။ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို ယူရိုပါလိဂ်ဖလားကလွဲပြီး ဆုဖလားအားလုံးကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။