Uncategorized

ပွဲဦးထွက်ရာသီမှာ လာလီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ဘယ်လင်ဂမ်

ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းကစားသမားဘ၀ ပွဲဦးထွက်ရာသီဖြစ်တဲ့၂၀၂၃-၂၄ ရာသီအတွက် လာလီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် လာလီဂါပွဲပေါင်း ၂၈ ပွဲကစားခဲ့ပြီး ၁၉ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးပြီး အသင်းကို အမှတ်ပေးဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။အဲ့ဒါကြောင့်လည်း ဘယ်လင်ဂမ်ဟာ စပိန်လာလီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၄၁ ပွဲအထိပါဝင်ကစားထားပြီး ၂၃ ဂိုးသွင်းယူကာ ၁၂ ဂိုးဖန်တီးထားတာပါ။ဘယ်လင်ဂမ်ဟာ Kopa Trophy နဲ့ Golden Boy ဆုတွေကိုလည်း ရရှိထားတဲ့အတွက် အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရယူနိုင်မယ့်သူအဖြစ်တောင် ရေပန်းစားနေတာဖြစ်ပါတယ်။

၂၀၂၃-၂၄ ရာသီအတွက် လာလီဂါအခြားအကောင်းဆုံးဆုတွေဖြစ်တဲ့ ယူ-၂၃ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘာစီလိုနာအသင်းက ယာမဲလ်က ရရှိခဲ့ပြီး အကောင်းဆုံးသွင်းဂိုးဆုကို အိုဆာဆူနာအသင်းက ဘလန်ကိုရဲ့သွင်းဂိုးက ရရှိခဲ့ကာ နည်းပြဆုကို ဂျီရိုနာအသင်းနည်းပြ မီချဲလ်က ရရှိခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol