Uncategorized

၃ ဂိုးပြတ်အရှုံးကနေ ဘွန်ဒက်လီဂါမှာဆက်ရှိအောင် အံ့သြဖွယ်စွမ်းဆောင်ပြခဲ့တဲ့ ဘိုချန်

ဘွန်ဒက်လီဂါတန်းဆင်း၊တန်းတက်ပလေးအောဖ့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဒူဆယ်လ်ဒေါ့ဖ်နဲ့ ဘိုချန်အသင်းတို့ရဲ့ဒုတိယအကျော့ပွဲစဉ်မှာ ဘိုချန်အသင်းက အဝေးကွင်းမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဘိုချန်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဒူဆယ်လ်ဒေါ့ဖ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် ဘွန်ဒက်လီဂါကနေ သေချာပေါက်တန်းဆင်းရမယ်လို့ အားလုံးက ထင်မှတ်ထားခဲ့ကြတာပါ။ဒါပေမယ့် ဘိုချန်အသင်းဟာ ဒုတိယအကျော့အဝေးကွင်းပွဲစဉ်မှာ အားလုံးအံ့အားသင့်သွားအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီသရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာပါ။ပင်နယ်တီမှာ ဘိုချန်အသင်းက ၆ ဂိုး- ၅ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဘိုချန်အသင်းဟာ လာမယ့်ရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဆက်ပြီးရှိနေတော့မှာဖြစ်သလို ဒူဆယ်လ်ဒေါ့ဖ်ကလည်း တန်းမတက်ဘဲ ဘွန်ဒက်လီဂါ ၂ ပြိုင်ပွဲမှာ ဆက်ပြီးယှဉ်ပြိုင်ရမှာပါ။

ဘွန်ဒက်လီဂါ ၂ ပြိုင်ပွဲကနေ လာမယ့်ရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲကို စိန့်ပေါ်လီအသင်းနဲ့ ဟိုလ်စတိန်းကီရယ်လ်အသင်းတို့တန်းတက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol