Uncategorized

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်ရေးထိုးနိုင်ခဲ့တဲ့ ရော်နယ်ဒို

အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဒီရာသီ ဆော်ဒီပရိုလိဂ်နောက်ဆုံးပွဲစဉ်မှာ ၂ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲက ၂ ဂိုးကြောင့် ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့သွင်းဂိုးက ၃၅ ဂိုးအထိ ရှိခဲ့တာပါ။အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ရဲ့ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သလို ၂၀၁၈-၁၉ ရာသီက ဟမ်ဒယ်လာတင်ရှိခဲ့တဲ့ ဆော်ဒီပရိုလိဂ်တစ်ရာသီအတွင်းဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟမ်ဒယ်လာဟာ အဆိုပါရာသီမှာ ၃၄ ဂိုးသွင်းယူပြီး စံချိန်တင်ခဲ့တာကို ရော်နယ်ဒိုက ၁ ဂိုးအသာနဲ့ ကျော်ဖြတ်ပြီး ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တင်နိုင်ခဲ့တာပါ။ဒါ့အပြင် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာကြောင့် မတူညီတဲ့ နိုင်ငံ ၄ ခုက လိဂ်တွေမှာ ရွှေဖိနပ်ဆုရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် စံချိန်မှတ်တမ်းတွေတစ်ခုပြီးတစ်ခု ရယူနေတာဖြစ်ပြီး သူကတော့ စံချိန်တွေနောက်ကို လိုက်တာမဟုတ်ဘဲ စံချိန်တွေက သူ့နောက်ကို လိုက်နေတာလို့ ပြောထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol