Uncategorized

ဂီတာဖေးကို ကျေးဇူးတင်တယ်လို့နှုတ်ဆက်မက်ဆေ့ချ်ပေးပို့ခဲ့တဲ့ ဂရင်းဝုဒ်

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ကစားခဲ့ပြီးနောက် အသင်းနဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ နှုတ်ဆက်မက်ဆေ့ချ်ပေးပို့သွားခဲ့ပါတယ်။

ဂီတာဖေးအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ယူနိုက်တက်အသင်းကနေ အငှားစာချုပ်နဲ့ ဂီတာဖေးအသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ၃၆ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းနဲ့အငှားစာချုပ်ကုန်ဆုံးသွားခဲ့ပေမယ့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရေရာမှုမရှိသေးတာပါ။

ဂရင်းဝုဒ်က “အံ့သြစရာကောင်းတဲ့ရာသီအတွက် ဂီတာဖေးမိသားစုနဲ့ ပရိသတ်တွေကို မယုံနိုင်လောက်အောင် ကျေးဇူးတင်ပါတယ်။ကျနော်ဟာ ကလပ်အသင်းဖော်တွေ၊အသင်းနဲ့အတူ စက္ကန့်တိုင်းကို ပျော်ရွှင်ခဲ့ရပါတယ်။ခင်ဗျားတို့အတွက် ကစားရတာကို ဝမ်းသာပြီး အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

GETAFE, SPAIN – MAY 26: Mason Greenwood of Getafe CF looks on during the Spanish League, LaLiga EA Sports, football match played between Getafe CF and RCD Mallorca at Coliseum de Getafe on May 26, 2024, in Getafe, Madrid, Spain. (Photo By Oscar J. Barroso/Europa Press via Getty Images)

ဂီတာဖေးအသင်းဟာ ဂရင်းဝုဒ်ကို လာမယ့်ရာသီ အသင်းမှာဆက်ထိန်းသိမ်းချင်တယ်လို့ အတည်ပြုခဲ့ပေမယ့် ဒါက ယူနိုက်တက်အသင်းအပေါ်မူတည်တယ်လို့ ဆိုခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို အပြီးသတ်ရောင်းချဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol