Uncategorized

ထိုင်းလိဂ် ၁ ရာသီနောက်ဆုံးပွဲမှာ လမ်ပန်ပါဝါရီယာအတွက် ဂိုးသွင်းပေးခဲ့တဲ့ မောင်မောင်လွင်

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဟာ ၂၀၂၃-၂၄ ရာသီ ထိုင်းလိဂ် ၁ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ လမ်ပန်ဝါရီယာအသင်းက ဆူခိုထိုင်းအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုး ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။

မောင်မောင်လွင်ဟာ ဒီပွဲမှာ လမ်ပန်ဝါရီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြသကာ အသင်းရရှိခဲ့တဲ့ ဒုတိယဂိုးကို သွင်းယူပေးခဲ့တာပါ။မောင်မောင်လွင်ဟာ ဒီရာသီမှာ လမ်ပန်ဝါရီယာအသင်းအတွက် ၃၄ ပွဲပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။မောင်မောင်လွင်က ပွဲအပြီးမှာ ဒီရာသီအတွက် အားလုံးကို ကျေးဇူးတင်ပြီး လာမယ့်ရာသီမှ ပြန်တွေ့မယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။

လမ်ပန်ဝါရီယာအသင်းဟာ ဒီရာသီထိုင်းလိဂ် ၁ ပြိုင်ပွဲမှာ အဆင့် ၉ နဲ့ ရာသီအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ဒီရာသီ ထိုင်းလိဂ် ၁ ပြိုင်ပွဲမှာ ဘူရီယမ်အသင်းက ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ချောင်ဘူရီ၊ပူးလစ်တဲရိုနဲ့ ထရက်အသင်းတို့ဟာ လိဂ် ၂ ကိုတန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။

ထိုင်းလိဂ် ၁ ရာသီပြီးဆုံးပြီဖြစ်တာကြောင့် မောင်မောင်လွင်ဟာ မြန်မာနိုင်ငံပြန်လာပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲဒုတိယအဆင့်ပွဲတွေ ယှဉ်ပြိုင်မယ့် နိုင်ငံအသင်းနဲ့ ပူးပေါင်းကာ လေ့ကျင့်မှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol