Uncategorized

ရိုးမားကို ချန်ပီယံလိဂ်ပြိုင်ပွဲထံ ခေါ်ဆောင်မသွားခဲ့တဲ့ အတ္တလန်တာ

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အတ္တလန်တာအသင်းဟာ စီးရီးအေပွဲစဉ်မှာ တိုရီနိုအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ရိုးမားအသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်တွေကို အဆုံးသတ်သွားစေခဲ့တာဖြစ်ပါတယ်။

အတ္တလန်တာအသင်းဟာ ဒီနိုင်ပွဲကြောင့် စီးရီးအေပွဲစဉ်ကစားဖို့ ၁ ပွဲကျန်ရှိနေသေးချိန်မှာ အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့တာပါ။လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို စီးရီးအေက အသင်း ၆ သင်းအထိ ရယူနိုင်ဖို့ဆိုရင် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အတ္တလန်တာအသင်းဟာ အဆင့် ၅ နေရာနဲ့ ရာသီအဆုံးသတ်ရမှာဖြစ်ပါတယ်။

အခုတော့ အတ္တလန်တာအသင်းဟာ ၁ ပွဲကစားဖို့ ကျန်ရှိနေသေးချိန်မှာ အဆင့် ၄ နေရာရပ်တည်နေသလို လက်ကျန်ပွဲစဉ်မှာပါ နိုင်ပွဲရယူနိုင်ခဲ့ရင် အဆင့် ၃ နေရာအထိပါ တက်နိုင်မှာပါ။ရိုးမားအသင်းဟာ နောက်ဆုံးပွဲစဉ်မှာ အမ်ပိုလီအသင်းကို အရေးနိမ့်ခဲ့တာကြောင့် အဆင့် ၆ နေရာနဲ့ လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။

အမ်ပိုလီအသင်းက တန်းဆင်းဇုန်က လွတ်မြောက်ခဲ့ပြီး လာမယ့်ရာသီ စီးရီးအေပြိုင်ပွဲမှာ ဆက်ပြီးရှိနေတော့မှာပါ။ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖြစ်ခဲ့တဲ့ နာပိုလီအသင်းဟာ နောက်ဆုံးပွဲမှာ လက်ချီအသင်းနဲ့ သရေကျခဲ့လို့ အဆင့် ၁၀ နေရာနဲ့ လာမယ့်ရာသီ ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့်အဆုံးသတ်ခဲ့ရပါတယ်။ ဖီအိုရင်တီးနားအသင်းသာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ အနိုင်ရခဲ့ရင် အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ တိုရီနိုအသင်းဟာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol