Uncategorized

ပရီးမီးယားလိဂ်အဝေးကွင်း ၆ ပွဲဆက်တိုက် Clean Sheets ယူနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီမနက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုလ်ဗ်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်အဝေးကွင်း ၆ ပွဲဆက်တိုက်ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ကြားရက်က ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရသလို ၂ ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရတာကို ဒီပွဲမှာ နိုင်ပွဲရယူပြီး အဆုံးသတ်နိုင်ခဲ့တာပါ။အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၁ နေရာကို ပြန်တက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ် အဝေးကွင်း ၆ ပွဲဆက်ပေးဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းထက်ပိုပြီး ပရီးမီးယားလိဂ်မှာ အဝေးကွင်းပွဲစဉ်ဆက်တိုက် ဂိုးမပေးရတဲ့ပွဲအများဆုံးအသင်းအဖြစ် ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့က ၇ ပွဲဆက်စံချိန်ရယူထားတာပါ။အဲ့ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ ဂိုးမပေးရရင် ဒီစံချိန်နဲ့တူညီသွားတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီလိုမျိုးအဝေးကွင်းပွဲဆက် ဂိုးမပေးရအောင်လုပ်ဖို့က မလွယ်တဲ့အတွက် လုပ်နိုင်ခဲ့တဲ့ ကစားသမားတွေကို ချီးကျူးဂုဏ်ယူကြောင်း ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol