Uncategorized

ကစားသမားတွေရဲ့ကျန်းမာရေးအတွက် FA ဖလားပွဲအချိန်ဇယားကို ဝေဖန်ခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး FA ဖလားဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် နည်းပြ ဂွာဒီယိုလာက ကစားသမားတွေရဲ့ကျန်းမာရေးအတွက် ဒီပွဲအချိန်ဇယားက လက်ခံနိုင်စရာမရှိဘူးလို့ဝေဖန်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ပွဲချိန်မိနစ် ၁၂၀ ကျော်အထိ ကစားထားရလို့ပွဲပန်းနေပေမယ့် ၃ ရက်အကြာမှာပဲ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားခဲ့ရတာပါ။ကြားရက်ထဲမှာ ဘာပွဲမှမရှိတဲ့ ယူနိုက်တက်နဲ့ ကိုဗင်ထရီအသင်းတို့ပွဲစဉ်ကို အစောမကန်ဘဲ သူတို့ပွဲကို အစောကစားခိုင်းခဲ့တာကို ဂွာဒီယိုလာက စိတ်ပျက်နေတာဖြစ်ပါတယ်။

ဂွာဒီယိုလာက “စနေနေ့ကစားခိုင်းခဲ့တာက လက်ခံနိုင်စရာမရှိပါဘူး။ကစားသမားတွေကျန်းမာရေးအတွက် မဖြစ်နိုင်သလို ဒါက ပုံမှန်မဟုတ်ပါဘူး။ဒီနိုင်ငံမှာ FA ဖလားက စပါယ်ရှယ်ဖြစ်တယ်ဆိုတာသိပေမယ့် ကစားသမားတွေရဲ့ကျန်းမာရေးက ရှိပါတယ်။ကျနော်တို့ဘယ်လိုရှင်သန်နေရလဲဆိုတာကို ကျနော်နားမလည်နိုင်ခဲ့ပါဘူး”

“ကျနော်တို့ကို ဘာကြောင့်မနက်ဖြန်ပေးမကစားတာလဲ။ချယ်လ်ဆီး၊ယူနိုက်တက်နဲ့ ကိုဗင်ထရီတို့ဆိုရင် ကြားရက်ထဲမှာ ပွဲမကစားခဲ့ရပါဘူး။ကစားသမားတွေကို အကာအကွယ်ပေးချင်ရုံပဲဖြစ်ပြီး အထူးအခွင့်အရေးတွေ တောင်းဆိုနေတာမဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့်ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol