ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြဖြစ်သူ နာဂျယ်လ်စမန်းကို ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
ဂျာမနီအသင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ စတင်ကိုင်တွယ်ခဲ့တဲ့ နာဂျယ်လ်စမန်းနဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ်တို့အရင်ချုပ်ဆိုထားတဲ့စာချုပ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ ကုန်ဆုံးမှာပါ။အခုအချိန်မှာတော့ ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ နာဂျယ်လ်စမန်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးအထိ အသင်းမှာရှိနေမယ့် စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။
ဂျာမနီအသင်းဟာ နာဂျယ်လ်စမန်းကို စာချုပ်သက်တမ်းမတိုးခင်မှာ သူ့ကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ဖို့ ဘိုင်ယန်မြူးနစ်အသင်းက ကြိုးစားနေခဲ့တာပါ။နာဂျယ်လ်စမန်းဟာ သူ့ကိုထုတ်ပယ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြန်လည်ကိုင်တွယ်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ချိန်မှာ ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့နည်းပြကို စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။
နာဂျယ်လ်စမန်းဟာ ဂျာမနီအသင်းကို ၆ ပွဲကိုင်တွယ်ထားရာမှာ ၃ ပွဲအနိုင်ရပြီး ၁ ပွဲသရေကျကာ ၂ ပွဲရှုံးနိမ့်ခဲ့တာပါ။ဂျာမနီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ ပြင်သစ်နဲ့ နယ်သာလန်အသင်းတို့ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။