Uncategorized

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာရရှိသွားခဲ့တဲ့ စီးရီးအေ

စီးရီးအေဟာ UEFA အဆင့်သတ်ချက်အရ အပိုဝင်ခွင့် ၂ နေရာက ၁ နေရာကို ရယူဖို့ သေချာသွားခဲ့ပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာရရှိသွားခဲ့ပြီဖြစ်ပါတယ်။

စီးရီးအေကလပ်အသင်းတွေဖြစ်တဲ့ ရိုးမားနဲ့ အတ္တလန်တာအသင်းတို့ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပြီး ဖီအိုရင်တီးနားအသင်းက ယူရိုပါကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။အဲ့ဒါကြောင့် စီးရီးအေဟာ UEFA ရဲ့အဆင့်သတ်မှတ်ချက်အရ ချန်ပီယံလိဂ်ဝင်ခွင့်အပို ၁ နေရာကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းတွေထဲမှာ အက်စတွန်ဗီလာတစ်သင်းထဲသာ ဥရောပဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်အပိုဝင်ခွင့် ၁ နေရာအတွက် မျှော်လင့်ချက်မဲ့ခဲ့တာပါ။လက်ရှိအချိန်မှာ ဘွန်ဒစ်လီဂါကလပ်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်နဲ့ ဒေါ့မွန်အသင်းတို့ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်ထားပြီး လေဗာကူဆင်အသင်းက ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်ထားတာဖြစ်ပါတယ်။

ဘွန်ဒစ်လီဂါဟာ UEFA ရဲ့အဆင့်သတ်မှတ်ချက်မှာ စီးရီးအေရဲ့နောက်အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။ရိုးမားနဲ့ အတ္တလန်တာအသင်းတို့ဟာ လက်ရှိစီးရီးအေအဆင့် ၅ နေရာနဲ့ ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ဒီ၂ သင်းထဲက ၁ သင်းဟာ ယူရိုပါလိဂ်ဖလားရပြီး အဆင့် ၄ ပြင်ပမှာရာသီအဆုံးသတ်ခဲ့ရင် စီးရီးအေဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ၆ နေရာတောင်ရယူနိုင်မယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကို လာမယ့်နှစ်ကစတင်ပြီး ၃၂ သင်းကနေ ၃၆ သင်းနဲ့ ပြောင်းလဲကျင်းပတော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol