Uncategorized

ပရီးမီးယားလိဂ်ပြိုင်ပွဲကို အပြည့်အဝအာရုံစိုက်ရတော့မယ်လို့ ဆိုခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်အသင်းဟာ အတ္တလန်တာအသင်းကို နှစ်ကျော့ပေါင်းရလဒ်နဲ့ အရေးနိမ့်ပြီး ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ကလောပ့်က သူတို့ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အပြည့်အ၀ အာရုံစိုက်ရတော့မယ်လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ အတ္တလန်တာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ပထမအကျော့မှာ ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။လီဗာပူးလ်အသင်းဟာ FA ဖလားကနေလည်း ထွက်ခွာခဲ့ရတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုတည်းကိုသာ အာရုံစိုက်ရဖို့ ရှိနေတာဖြစ်ပါတယ်။

ကလောပ့်က “စိတ်ခံစားချက်တွေရောထွေးနေပါတယ်။ကျွန်တော်တို့ ပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် ဒီပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်ပျော်ရွှင်ပါတယ်။ဗိုလ်လုပွဲသွားချင်ပေမယ့် ဖြစ်မလာခဲ့ပါဘူး။အဲ့ဒါကြောင့် ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အပြည့်အဝအာရုံစိုက်ရတော့မှာဖြစ်ပြီး ဒါကို အခုလုပ်ရတော့မှာပါ”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest