Uncategorized

မော်ရင်ဟိုက မိမိကိုလေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ခဲ့တဲ့ အကြောင်းဖွင့်ဟခဲ့တဲ့ ရှဝိန်းစတိုင်ဂါ

ဂျာမန်ကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါက ယူနိုက်တက်အသင်းမှာကစားခဲ့တဲ့အချိန်အတွင်း နည်းပြ မော်ရင်ဟိုက သူ့ကိုလေ့ကျင့်ခန်းဆင်းခွင့်ပိတ်ပင်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဗန်ဟားလ်လက်ထက်မှာ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တဲ့ ရှဝိန်းစတိုင်ဂါဟာ ဒတ်ချ်လူမျိုးနည်းပြလက်အောက်မှာ ၃၁ ပွဲပါဝင်ကစားခွင့်ရခဲ့ပေမယ့် မော်ရင်ဟိုလက်ထက်မှာတော့ ယူနိုက်တက်အသင်းအတွက် ၄ ပွဲသာပါဝင်ကစားခွင့်ရခဲ့တာပါ။ရှဝိန်းစတိုင်ဂါဟာ နောက်ပိုင်းမှာ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ရှဝိန်းစတိုင်ဂါက “ယူနိုက်တက်က ကျနော့်နှလုံးသားရဲ့ဒုတိယမြောက်ကလပ်ဖြစ်လို့ ကျနော်အလွန်ဝမ်းနည်းမိပါတယ်။ကျနော်ဟာ ကစားခဲ့တဲ့အချိန်မှာ အရာအားလုံးပေးခဲ့တာကြောင့် အလွန်ဝမ်းနည်းမိပါတယ်။ဒါပေမယ့် ကျနော်ဟာ မီဒီယာဆီပြေးပြီးသွားပြောတက်တဲ့သူမဟုတ်ပါဘူး။ဘောလုံးကိုပဲ အာရုံစိုက်ပြီး ကိုယ်လုပ်ခဲ့တဲ့ပုံစံအတိုင်းပဲ ပြုမူဖို့က ကျနော့်အတွက် ပိုအရေးကြီးပါတယ်”လို့ ပြောခဲ့တာပါ။

ရှဝိန်းစတိုင်ဂါဟာ ဂျာမနီအသင်းဆီမီးဖိုင်နယ်တက်ခဲ့တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာပါဝင်ကစားခဲ့ပြီးနောက် အသင်းရဲ့ရာသီကြို အမေရိကန်ခရီးစဉ်အစပိုင်းကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ရှဝိန်းစတိုင်ဂါဟာ မော်ရင်ဟိုက သူ့ကို အသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းခွင့်ပိတ်ပင်ခဲ့တာကြောင့် ယူ-၁၆ အသင်းနဲ့လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာပါ။

ရှဝိန်းစတိုင်ဂါဟာ မော်ရင်ဟိုလက်ထက်မှာ ပထမဆုံးပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ပါဝင်ခွင့်ရခဲ့ပြီး မေဂျာလိဂ်ကို မပြောင်းရွှေ့ခင် FA ဖလားနဲ့ ယူရိုပါလိဂ်မှာ ၃ ပွဲပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။မော်ရင်ဟိုဟာ သူ့အပေါ်ပြမူခဲ့ပုံတွေကြောင်း တောင်းပန်ခဲ့တယ်လို့လည်း ရှဝိန်းစတိုင်ဂါက Overlap နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol