Uncategorized

ချန်ပီယံလိဂ်ခန့်မှန်းမှုအားလုံးမှားယွင်းခဲ့လို့ လှောင်ပြောင်ခံနေရတဲ့ မီကာရစ်ချတ်

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မီကာရစ်ချတ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ခန့်မှန်းမှုပြုလုပ်တာ အားလုံးမှားယွင်းခဲ့တာကြောင့် လှောင်ပြောင်မှုတွေခံနေရတာဖြစ်ပါတယ်။

မီကာရစ်ချတ်ရဲ့ခန့်မှန်းမှုဟာ ဆိုရှယ်မီဒီယာမှာထွက်ပေါ်လာပြီးနောက် အားလုံးရဲ့လှောင်ပြောင်စရာဖြစ်လာခဲ့ရတာပါ။မီကာရစ်ချတ်ရဲ့ခန့်မှန်းမှုတွေမှာ ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်ပွဲစဉ်မှာ အာဆင်နယ်နောက်တစ်ဆင့်တက်မယ်လို့ ခန့်မှန်းခဲ့ပြီး မန်စီးတီးနဲ့ ရီးရယ်လ်အသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းနောက်တစ်ဆင့်တက်မယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

ဒီလိုပဲ အသလက်တီကိုနဲ့ ဒေါ့မွန်တို့ပွဲစဉ်မှာ အသလက်တီကိုအသင်းတက်မယ်လို့ ခန့်မှန်ခဲ့ပြီး ဘာစီလိုနာနဲ့ ပီအက်စ်ဂျီပွဲစဉ်မှာ ဘာစီလိုနာအသင်းဆီမီးဖိုင်နယ်တက်မယ်လို့ ခန့်မှန်းခဲ့တာပါ။မီကာရစ်ချတ်ရဲ့ခန့်မှန်းမှုအရ ဆီမီးဖိုင်နယ်မှာ အာဆင်နယ်နဲ့ မန်စီးတီး၊ဘာစီလိုနာနဲ့ အသလက်တီကိုတို့တွေ့ဆုံခဲ့ပြီး ဗိုလ်လုပွဲကို အသလက်တီကိုနဲ့ မန်စီးတီးအသင်းတွေ့ဆုံမယ်လို့ ပြောခဲ့ပါတယ်။

ချန်ပီယံဆုကို မန်စီးတီးအသင်းက ၂ နှစ်ဆက်တိုက်ရရှိမယ်လို့ မီကာရစ်ချတ်ပြောခဲ့တာဖြစ်ပြီး သူ့ရဲ့ခန့်မှန်းမှုတွေအားလုံးဟာ လွဲချော်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာတွေမှာ မီကာရစ်ချတ်ရဲ့ခန့်မှန်းမှုတွေကို လှောင်ပြောင်ခဲ့ပြီး အင်္ဂလန်ဘောလုံးဝေဖန်သုံးသပ်သူတွေကိုပါ ထိုးနှက်ခဲ့ကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol