Uncategorized

ဟာလန်းနဲ့ ဒီဘရိုင်းတို့ကို လူစားလဲခဲ့တဲ့အကြောင်း ရှင်းပြလာခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ရီးရယ်လ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ အသင်းရဲ့အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ ဟာလန်းနဲ့ ဒီဘရိုင်းတို့ကို လူစားလဲခဲ့တဲ့အကြောင်း ပွဲအပြီးမှာ ရှင်းပြခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီကလို ဆုဖလား ၃ လုံးထပ်ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ရီးရယ်လ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ၄ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ပြီး မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရတာပါ။မန်စီးတီးအသင်းဟာ အရေးပါတဲ့ ပယ်နယ်တီမကန်ခင်မှာ အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ ဟာလန်းနဲ့ ဒီဘရိုင်းတို့ကို လူစားလဲခဲ့ရတာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ဟာလန်းနဲ့ ဒီဘရိုင်းတို့ဟာ လူစားလဲပေးဖို့ ကျနော့်ကိုတောင်းဆိုခဲ့ပါတယ်။သူတို့ဟာ ဆက်ပြီးမကစားနိုင်တော့ပါဘူး။သူတို့ပွဲထဲမှာ အံ့သြစရာကောင်းအောင်လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ကျနော်ဟာ အများကြီးလူစားလဲဖို့ မစီစဉ်ခဲ့ပေမယ့် သူတို့တောင်းဆိုခဲ့တာကြောင့် လူစားလဲခဲ့ရတယ်”လို့ ဆိုခဲ့ပါတယ်။

ဂွာဒီယိုလာကတော့ ပင်နယ်တီအဆုံးအဖြတ်မှာ လွဲခဲ့ကြတဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ ကိုဗာဆစ်တို့ကို ပြစ်တင်ဝေဖန်သွားမှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၃၃ ကြိမ်အထိရှိခဲ့ပေမယ့် ရီးရယ်လ်အသင်းရဲ့ခံစစ်မာကျောမှုတွေကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol