လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ဟာ အတ္တလန်တာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်တဲ့ပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်ဟာ ဆိုးရွားခဲ့ပြီး ရှုံးနိမ့်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် ဒုတိယအကျော့အဝေးကွင်းပွဲစဉ်မှာ ၃ ဂိုးပြတ်နဲ့ ပြန်နိုင်မလားဆိုတာ မသိဘူးလို့လည်း ပြောသွားခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/P2024-04-11-Liverpool_Atalanta-17-1-1024x683.jpg)
လီဗာပူးလ်အသင်းဟာ ဒီပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးပေါက်ကန်သွင်းမှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ၂၀၂၃ ခုနှစ်က ရီးရယ်လ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ပြီးနောက် ၁၄ လနီးပါးအကြာမှာ ပထမဆုံးအိမ်ကွင်းရှုံးပွဲကို ပြန်ခံစားခဲ့ရတာပါ။
ကလောပ့်က “အလွန်ဆိုးရွားတဲ့ ပွဲကိုကစားခဲ့ပြီး ကျနော်တို့ရှုံးနိမ့်ဖို့ ထိုက်တန်ပါတယ်။ကျနော်တို့ဟာ ဒုတိယအကျော့ပွဲအတွက် ပိုကောင်းအောင်ကြိုးစားရမှာဖြစ်ပြီး ကောင်းမွန်စွာကစားရင်တော့ နိုင်ပွဲရယူနိုင်ပါတယ်။၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရမလားဆိုရင်တော့ မသိပါဘူး။ဒီရှုံးပွဲက ခံစားရတာ ဆိုးပါတယ်”လို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/The-Liverpool-1024x683.jpg)
လီဗာပူးလ်အသင်းဟာ ၂ ပွဲဆက်ရှုံးပွဲကြုံတွေ့မှုကို ဒီတစ်ပတ်ကစားမယ့် ပဲလေ့စ်အသင်းနဲ့ပွဲမှာ နိုင်ပွဲပြန်ယူပြီး ချေဖျက်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။