Uncategorized

ပလိုင်းမောက်ကို အရေးနိမ့်ပြီး ရလဒ်ဆိုးတွေကြုံတွေ့နေရတဲ့ လက်စတာ

လက်စတာအသင်းဟာ ဒီမနက်ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ပလိုင်းမောက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

လက်စတာအသင်းဟာ ချန်ပီယံရှစ်ပွဲစဉ်အစ ၃၂ ပွဲမှာ ၄ ပွဲသာရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ၁၀ ပွဲမှာ ၆ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ လက်စတာအသင်းဟာ အစောပိုင်းက ချန်ပီယံရှစ်အမှတ်ပေးဇယားအဆင့် ၁ နေရာကို ၁၇ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ အဆင့် ၂ နေရာက အစ်စဝှစ်နဲ့ ရမှတ်တူ၊ အဆင့် ၃ နေရာက လိဒ်စ်အသင်းကို ၁ မှတ်သာဖြတ်နိုင်တော့တာဖြစ်ပါတယ်။

လက်စတာအသင်းအနေနဲ့ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်နိုင်ဖို့အတွက် လက်ကျန်ပွဲစဉ် ၄ ပွဲမှာ ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ရမှာပါ။ဒီလိုမှမဟုတ်ရင်တော့ လက်စတာအသင်းအနေနဲ့ ပလေးအော့ဖ်ပွဲစဉ်တွေကနေ တဆင့် ပရီးမီးယားလိဂ်ကို တန်းတက်အောင်လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။

ပလိုင်းမောက်အသင်းကတော့ နည်းပြအပြောင်းအလဲပြုလုပ်ပြီးနောက်ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံးရှုံးပွဲမရှိခဲ့ဘဲ ၂ ပွဲနိုင် ၁ ပွဲသရေရလဒ်ထွက်ပေါ်ခဲ့တာပါ။ပလိုင်းမောက်အသင်းဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol