Uncategorized

ယူရိုပြိုင်ပွဲမှာ ကိုယ်စားပြုအများဆုံးအသင်းဖြစ်ခဲ့တဲ့ မန်စီးတီးအသင်း

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ ကိုယ်စားပြုအများဆုံးအသင်းဖြစ်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ မန်စီးတီးအသင်းက ကစားသမား ၁၄ ဦးနဲ့ အများဆုံးအထိနိုင်ငံအသင်းတွေအတွက် ကိုယ်စားပြုအဖြစ်ရွေးချယ်ခံခဲ့ရတာပါ။မန်စီးတီးအသင်းဟာ ကစားသမား ၁၄ ဦးကို အင်္ဂလန်အသင်းအတွက် ၃ ဦး၊ပေါ်တူဂီအသင်းအတွက် ၄ ဦး၊ခရိုအေးရှား၊ဘယ်လ်ဂျီယံတို့အတွက် ၂ ဦးစီနဲ့ နယ်သာလန်၊စပိန်နဲ့ ဆွစ်ဇာလန်အသင်းတို့အတွက် ၁ ဦးစီပေးခဲ့ရတာဖြစ်ပါတယ်။

စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းက ၁၃ ဦးနဲ့ ဒုတိယအများဆုံးပေးခဲ့ရပြီး ဒီနောက်မှာ ရီးရယ်လ်က ၁၃ ဦး၊ပီအက်စ်ဂျီက ၁၂ ဦး၊ဘိုင်ယန်မြူးနစ်က ၁၂ ဦး၊အာဆင်နယ်က ၁၁ ဦးနဲ့ လိုက်ပ်ဇစ်အသင်းက ၁၀ ဦးအထိ နိုင်ငံအသင်းတွေအတွက် ပေးခဲ့ရတာပါ။

ယူရို ၂၀၂၄ ပြိုင်ပွဲကို ဇွန် ၁၄ ရက်မှာ စတင်တော့မှာဖြစ်ပြီး ဇူလိုင် ၁၁ ရက်အထိ ၁ လကြာကျင်းပသွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol