ဆလိုဗေးနီးယားလက်ရွေးစင်တိုက်စစ်မှူး ဆက်စ်ကိုဟာ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ကို ငြင်းပယ်ခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ကာလထက်ကျော်လွန်ကာ လိုက်ပ်ဇစ်အသင်းမှာ ဆက်ပြီးရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/0_BENJAMIN-SESKO.jpg)
ဆက်စ်ကိုဟာ လိုက်ပ်ဇစ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုပြီး ဘွန်ဒက်လီဂါမှာ ဆက်ပြီးရှိဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဟာ အခြားတိုက်စစ်မှူးတွေကို ရှာဖွေရတော့မှာပါ။ဆက်စ်ကိုနဲ့ လိုက်ပ်ဇစ်အသင်းတို့အရင်ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ အခုလကုန်ကျရင်ကုန်ဆုံးမယ့် ပေါင် ၅၅ သန်းတန်ကြေးရှိ စာချုပ်ဖျက်သိမ်းကြေးပါဝင်နေတာဖြစ်ပါတယ်။
ဖာဘရီဇီယိုရိုမန်နိုရဲ့ဖော်ပြချက်အရ ဆက်စ်ကိုဟာ အနာဂတ်ထွက်ခွာမယ့်အလားအလာနဲ့ ပတ်သက်ပြီး လိုက်ပ်ဇစ်အသင်းနဲ့လူကြီးလူကောင်းဆန်တဲ့ သဘောတူညီမှုရှိထားတာပါ။ဆက်စ်ကိုဟာ အခုအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့က သူ့ရဲ့ဦးစားပေးဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် လိုက်ပ်ဇစ်အသင်းမှာ ထပ်ပြီးရှိမယ့် စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/448088974_1075703681023789_4476411976648748062_n-1024x799.jpg)
အသက် ၂၁ နှစ်အရွယ်ရှိ ဆက်စ်ကိုဟာ ပြီးခဲ့တဲ့ရာသီက ဆဲလ်ဘတ်အသင်းကနေ လိုက်ပ်ဇစ်အသင်းထံ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ၄၂ ပွဲကစားကာ ၁၈ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ဆက်စ်ကိုဟာ လက်ရှိအချိန်မှာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် ဆလိုဗေးနီးယားအသင်းနဲ့ ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။