ဘာစီလိုနာအသင်းကွင်းလယ်လူ ဒီဂျောင်ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲကို လွဲချော်ခဲ့တဲ့အတွက် ဝမ်းနည်းပြီး စိတ်ပျက်မိတယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/inbound1703416422412925013-1024x1024.jpg)
ဒီဂျောင်ဟာ ဒီရာသီမှာ ခြေကျင်းဝတ်ဒဏ်ရာပြဿနာခံစားခဲ့ရပြီး ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဧပြီ ၂၁ ရက်နောက်ပိုင်း ဘာစီလိုနာအသင်းရဲ့ရာသီကုန်နောက်ဆုံး ၆ ပွဲစလုံးမပါဝင်နိုင်ခဲ့တာပါ။ဒါပေမယ့် ဒီဂျောင်ဟာ နယ်သာလန်အသင်းရဲ့ယူရိုလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
နယ်သာလန်အသင်းဟာ ဒီဂျောင်ကို အချိန်ပေးပြီး စောင့်ကြည့်ခဲ့ပေမယ့် ကစားသမားဟာ လုံလောက်တဲ့ကြံ့ခိုင်မှုမရှိတာကြောင့် ဒီပြိုင်ပွဲကို လွဲချော်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ဒီဂျောင်က သူဟာ ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ခြေကျင်းဝတ်က အချိန်လိုအပ်တာကြောင့် မပါဝင်နိုင်ခဲ့တဲ့အတွက် ဝမ်းနည်းပြီး စိတ်ပျက်မိတယ်လို့ ဆိုခဲ့တာပါ။
![](https://www.ballpwel.com/wp-content/uploads/2024/06/inbound7984961437847992963-1024x683.jpg)
နယ်သာလန်အသင်းဟာ ဒီဂျောင်ရဲ့နေရာမှာ ဘယ်ကစားသမားကို အစားထိုးခေါ်ယူမလဲဆိုတာ နည်းပြရော်နယ်လ်ကိုးမန်းက ဆုံးဖြတ်မှာဖြစ်ပြီး သတင်းတွေအရ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ အီယန်မတ်ဆန်ကို ခေါ်ယူမယ်လို့ သိရပါတယ်။
နယ်သာလန်အသင်းဟာ ယူရိုအဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၆ ရက်မှာ ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။