ရီးရယ်လ်နဲ့ နည်းပြ အန်ဆယ်လော့တီတို့ဟာ လာမယ့်နှစ်မှာကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအသစ်ကို ပါဝင်မယ်လို့အတည်ပြုခဲ့ကြပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/The18.com-ARTICLE-COVER-PHOTO-1024x576.png)
အန်ဆယ်လော့တီက ရီးရယ်လ်အသင်းဟာ ဒီပြိုင်ပွဲအသစ်ကို ငြင်းပယ်မယ်လို့ အီတလီသတင်းစာနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။အီတလီလူမျိုးနည်းပြက သူတို့လိုပဲ အခြားအသင်းတွေလည်း ဒီပြိုင်ပွဲအတွက် ဖီဖာရဲ့ဖိတ်ခေါ်မှုကို ငြင်းပယ်လိမ့်မယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ဒီမှတ်ချက်ထွက်ပေါ်လာပြီးနောက် ရီးရယ်လ်အသင်းက သူတို့ဟာ ဒီပြိုင်ပွဲအသစ်ကို ပါဝင်ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်လာခဲ့တာပါ။
အဲ့ဒီနောက်မှာ အန်ဆယ်လော့တီကလည်း အီတလီသတင်းစာဟာ သူပြောတဲ့စကားတွေကို သူရည်ရွယ်ထားတဲ့အတိုင်း အဓိပ္ပါယ်ဖော်မပြခဲ့ဘူးလို့ သူရဲ့ဆိုရှယ်မီဒီယာမှာ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအသစ်ကို ၂၀၂၅ ဇွန် ၁၅ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ အသင်းပေါင်း ၃၂ သင်းနဲ့ ကျင်းပသွားမှာပါ။
![](https://www.ballpwel.com/wp-content/uploads/2024/06/960x0.webp)
ရီးရယ်လ်အသင်းဟာ ဒီပြိုင်ပွဲကို ဝင်ခွင့်ရရှိထားတဲ့ ဥရောပ ၁၂ သင်းထဲက ၁ သင်းလည်းဖြစ်ပါတယ်။ကျန်တဲ့အသင်းတွေကတော့ ချယ်လ်ဆီး၊မန်စီးတီး၊ဘိုင်ယန်မြူးနစ်၊ပီအက်စ်ဂျီ၊အင်တာမီလန်၊ပေါ်တို၊ဘင်ဖီကာ၊ဒေါ့မွန်၊ဂျူဗင်တပ်စ်၊အသလက်တီနဲ့ ဆဲလ်ဘတ်အသင်းတို့ဖြစ်ပါတယ်။