ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝက အနားယူမယ့် တိုနီကရူးစ်ကို ဆုံးဖြတ်ချက်ပြောင်းရင် သူ့ဆီကို ဖုန်းဆက်ဖို့ ပြောခဲ့တယ်လို့ Il Giornale နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/cb289841813d38afb9eb9ec865675292ade15f39.webp)
ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်ဟာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်းကစားသမားဘဝနဲ့ ကလပ်အသင်းကစားသမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့တာပါ။တိုနီကရူးစ်ဟာ နိုင်ငံအသင်းကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲအဖြစ် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားပြီးရင် သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။
အန်ဆယ်လော့တီက “ကျနော် တိုနီကရူးစ်ကို ပြောထားပြီးသားပါ။သူစိတ်ပြောင်းခဲ့ရင် နောက်လတွေမှာ ဖုန်းလေးတစ်ချက်ဆက်တာနဲ့ ကျနော်တို့ပြန်ပြီးစကြမယ်”လို့ ဆိုခဲ့တာပါ။
![](https://www.ballpwel.com/wp-content/uploads/2024/06/toni-kroos-e1717329839729.webp)
တီုနီကရူးစ်ဟာ လက်ရှိအချိန်မှာ ယူရို ၂၀၂၄ ပြိုင်ပွဲအပေါ် အပြည့်အဝအာရုံစိုက်ထားတာကြောင့် သူ့ရဲ့စိတ်ပြန်ပြောင်းဖွယ်ရှိ၊မရှိအပေါ် တုံ့ပြန်ခြင်းမရှိသလို ရီးရယ်လ်အသင်းမှာ သူဝတ်ခဲ့တဲ့ ကျောနံပတ် ၈ ကို အသင်းဖော် ဖယ်လ်ဗာဒီထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။