Uncategorized

အင်္ဂလန်လူစာရင်းဟာ ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ လုံလောက်တဲ့အတွေ့အကြုံရှိတယ်လို့ ဆိုခဲ့တဲ့ ဟာရီကိန်း

ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လူစာရင်းထဲက တစ်ဝက်လောက်ဟာ အဓိကပြိုင်ပွဲတွေကို မယှဉ်ပြိုင်ဖူးပေမယ့် လက်ရှိလူစာရင်းက ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် လုံလောက်တဲ့အတွေ့အကြုံရှိတယ်လို့ အသင်းခေါင်းဆောင် ဟာရီကိန်းက ဆိုခဲ့ပါတယ်။

LONDON, ENGLAND – JUNE 06: Marc Guehi, Adam Wharton and Ollie Watkins of England in action during a training session at Tottenham Hotspur Training Centre on June 06, 2024 in London, England. (Photo by Eddie Keogh – The FA/The FA via Getty Images)

ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ မက်ဂွဲယား၊ဂရီလစ်ရှ်နဲ့ မက်ဒီဆင်တို့ ချန်လှပ်ခံခဲ့ရပြီး လူငယ်ကစားသမားအများအပြားကို နည်းပြ ဆောက်ဂိတ်က ရွေးချယ်သွားခဲ့တာပါ။အင်္ဂလန်အသင်းဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဟာရီကိန်းက “ကျနော်တို့မှာ လုံလောက်တဲ့အတွေ့အကြုံတွေရှိတယ်လို့ ထင်ပါတယ်။ဒီလူစာရင်းထဲမှာ ပြိုင်ပွဲ ၂ ခု၊၃ ခုလောက်ကစားဖူးတဲ့ ကစားသမားတွေအများကြီး ပါဝင်ပါတယ်။ဒီနေရာနဲ့ ထိုက်တန်တဲ့ ကစားသမားအသစ်တွေကတော့ အမြဲတမ်းရှိနေမှာပါ။လူစာရင်းမှာ မပါဝင်ခဲ့တဲ့သူတွေအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်”

“လူတိုင်းဟာ ဒီမှာရှိဖို့ အခွင့်အရေးရှိပါတယ်။အားလုံးဟာ အသင်းအတွက် မတူညီတဲ့ အရာတွေကို ယူဆောင်လာရမှာဖြစ်ပြီး ကျနော်တို့ အောင်မြင်မှုကို ရယူနိုင်ဖို့ဆိုရင် ကစားသမား ၂၆ ဦးစလုံးလိုအပ်မှာပါ”လို့ ဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၆ ရက်မှာ ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol