Uncategorized

အဲရစ်တန်ဟတ်ကို ဆက်ထားမယ့်အပြင် စာချုပ်သစ်ပါချုပ်ဖို့ စီစဉ်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် INEOS နဲ့ အသင်းတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ရာသီအဖြစ်အပျက်ကို ပြန်လည်သုံးသပ်အပြီးမှာ နည်းပြ အဲရစ်တန်ဟတ်ကို လာမယ့်ရာသီအသင်းကို ဆက်ပြီးကိုင်တွယ်စေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

LONDON, ENGLAND – MAY 25: Manchester United Erik ten Hag celebrates after winning the Emirates FA Cup Final match between Manchester City and Manchester United at Wembley Stadium on May 25, 2024 in London, England. (Photo by Visionhaus/Getty Images )

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ၂၀၂၅ ခုနှစ်မှာ စာချုပ်ကုန်ဆုံးမယ့် နည်းပြ အဲရစ်တန်ဟတ်ကို စာချုပ်သက်တမ်းတိုးဖို့ပါ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်နေတာပါ။ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးခဲ့ပေမယ့် FA ဖလားရယူပြီး ဥရောပဝင်ခွင့်ရရှိခဲ့တာကြောင့် နည်းပြ အဲရစ်တန်ဟတ်ကို မထုတ်ပယ်ပဲ ဆက်ပြီးကိုင်တွယ်စေခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ဟာ သူ့ရဲ့အနာဂတ်အပေါ် ယူနိုက်တက်အသင်းက ဆုံးဖြတ်ချက်နှောင့်နှေးနေတဲ့အတွက် စိတ်ပျက်နေပေမယ့် အခုအချိန်မှာတော့ အဖြေထွက်ခဲ့ပြီဖြစ်လို့ လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေကို စပြီးလုပ်လို့ရပြီဖြစ်တာပါ။အဲရစ်တန်ဟတ်ဟာ လက်ရှိအချိန်မှာတော့ အိုင်ဘစ်ဇာမှာ အပန်းဖြေအနားယူနေပြီး ရာသီကြိုလေ့ကျင့်မှုတွေပြန်လည်စတင်မယ့် ဇူလိုင်အစပိုင်းမှာ ကာရင်တန်ကို ပြန်လာဖို့ ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအသင်းအောင်မြင်မှုတွေရယူနိုင်ဖို့အတွက် နည်းပြ အဲရစ်တန်ဟတ်လိုချင်တဲ့ ကစားသမားတွေကို မခေါ်ယူပေးခင် အသင်းမှာရှိနေတဲ့ ကစားသမားအချို့ကို ရောင်းချဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol