အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်နဲ့ အာဆင်နယ်အသင်းတောင်ပံကစားသမား ဆာကာတို့ဟာ ကွင်းလယ်ဒိုင်လူကြီးကို ဒေါသထွက်နေကြတာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/2144476065-1024x768.jpg)
တူချယ်လ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန် ၆၆ မိနစ်မှာ အာဆင်နယ်အသင်းနောက်ခံလူ ဂါဘရီရယ်လ်နဲ့ ဂိုးသမား ဒေးဗစ်ရာယာတို့အဖြစ်အပျက်မှာ ဘိုင်ယန်မြူးနစ်အသင်း ပင်နယ်တီရရှိသင့်တယ်လို့ ပြောခဲ့တာပါ။ဂိုးသမား ဒေးဗစ်ရာယာဟာ တည်ကန်ဘောကန်ဖို့ ဂါဘရီရယ်လ်ကို ခြေထောက်နဲ့ ပေးခဲ့တာကို ဂါဘရီရယ်လ်က လက်နဲ့ ယူပြီး ပြန်ပေးသွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့် တူချယ်လ်က ကွင်းလယ်ဒိုင်လူကြီးဟာ ကြီးမားတဲ့အမှားကို ပြုလုပ်ခဲ့ပြီး ကလေးတစ်ဦးရဲ့အမှားဆိုပြီးပြောခဲ့တာကို ပိုပြီးဒေါသထွက်ခဲ့တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။အာဆင်နယ်အသင်းတောင်ပံကစားသမား ဆာကာကလည်း ဒီပွဲစဉ်ရဲ့နောက်ဆုံးမိနစ်မှာ သူတို့ပင်နယ်တီရနိုင်မယ့် အခွင့်အရေးငြင်းခံခဲ့ရလို့ ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/maxresdefault-1024x576.jpg)
ဆာကာဟာ ဂိုးဧရိယာအတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းဂိုးသမား နူအာရဲ့ခြေထောက်ကိုထိပြီး လဲကျခဲ့တာကြောင့် ပင်နယ်တီတောင်းဆိုခဲ့တာပါ။ဒါကို ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီမပေးခဲ့လို့ ဆာကာဟာ ပွဲအပြီးမှာ ကွင်းလယ်ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။