Uncategorized

ဘိုင်ယန်နဲ့ပွဲမှာ သမိုင်းသစ်တစ်ခုဖန်တီးဖို့ အာဆင်နယ်ကို တိုက်တွန်းခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မတိုင်ခင်မှာ အာဆင်နယ်အနေနဲ့ သမိုင်းသစ်တစ်ခုကို ဖန်တီးဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကွာတားဖိုင်နယ်ကို ၁၄ နှစ်အကြာမှ ပထမဆုံးအကြိမ်ပြန်တက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်နောက်ဆုံး ၃ ကြိမ်ဆက်တိုက် ၅ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ရလဒ်တွေဆိုးနေခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် အာတီတာက သမိုင်းသစ်ဖန်တီးဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့တာပါ။

အာတီတာက”ဘိုင်ယန်က အတွေ့အကြုံရှိပြီး ဒါက သူတို့ရဲ့သမိုင်းကြောင်းပါ။ကျနော်တို့အခု သမိုင်းသစ်ကိုဖန်တီးနေပါတယ်။ဒါကြောင့် အုပ်စုအဆင့်မှာရှိခဲ့တဲ့ အခိုက်အတန့်တွေ၊ပေါ်တိုနဲ့ပွဲမှာ လုပ်ဆောင်ခဲ့တဲ့ အရာတွေက တကယ်ကိုအရေးပါပါတယ်။ဒီလိုအခိုက်အတန့်တွေရောက်လာချိန်မှာ ကျနော်တို့ဟာ ဒါကိုကျော်လွှားနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ အကောင်းမြင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ကျနော်တို့အတွက် မှော်အခိုက်အတန့်တွေလိုပါလိမ့်မယ်။ဒါကို ဖြစ်အောင်မလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး”လို့ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရရှိနေပြီး ပရီးမီးယားလိဂ်အဆင့် ၁ နေရာမှာ ရပ်တည်နေပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အဆင့် ၁ နေရာက လေဗာကူဆင်အသင်းနဲ့ ၁၆ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol