Uncategorized

ယူရိုပြိုင်ပွဲမတိုင်ခင်နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရထားတဲ့ အင်္ဂလန်

နာမည်ကြီးအင်္ဂလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အိုက်စလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့် အိုက်စလန်အသင်းနဲ့ပွဲစဉ်မှာ ကစားပုံဆိုးရွားခဲ့ပြီး ပရိသတ်တွေရဲ့လှောင်ပြောင်မှုကိုပါ ခံခဲ့ရတာပါ။အင်္ဂလန်အသင်းဟာ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲမှာဆိုရင် ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ အိုက်စလန်အသင်းနဲ့ပွဲစဉ်အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ဘော့စနီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကလွဲပြီး ကျန်ပွဲတွေမှာ နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။အင်္ဂလန်အသင်းဟာ ဒီပွဲတွေမှာ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ၁ ဂိုးစီသရေ၊ဘယ်လ်ဂျီယံအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့ပြီး အိုက်စလန်အသင်းနဲ့ ဘရာဇီးလ်အသင်းတို့ကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်ကတော့ သူတို့ဟာ အိုက်စလန်အသင်းနဲ့ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် ယူရိုပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol