Uncategorized

ရလဒ်ဆို ရီးရယ်လ်၊ကစားပုံဆို မန်စီးတီးလို့ ကမ္ဘာ့အကောင်းဆုံးအသင်းကို ဆိုခဲ့တဲ့ မက်ဆီ

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက ဘာစီလိုနာအသင်းပြိုင်ဘက် ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ကို ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ်နဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း တစ်သင်းမဟုတ် တစ်သင်းချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့ကြပြီး နောက်ဆုံး ၃ နှစ်မှာ ရီးရယ်လ်အသင်းက ချန်ပီယံ၂ ကြိမ်၊မန်စီးတီးအသင်းက ချန်ပီယံ ၁ ကြိမ်ရယူနိုင်ခဲ့တာပါ။အဲ့ဒါကြောင့်လည်း မက်ဆီဟာ ၂ သင်းစလုံးကို ကမ္ဘာ့အကောင်းဆုံးအသင်းတွေအဖြစ် ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီက “ကမ္ဘာ့အကောင်းဆုံးအသင်းက ရီးရယ်လ်ပါ၊သူတို့ဟာ လက်ရှိဥရောပချန်ပီယံပါ။ကျနော်တို့ရလဒ်တွေအကြောင်းပြောရရင် ရီးရယ်လ်က အကောင်းဆုံးအသင်းပါ။စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးပြောရရင် ဂွာဒီယိုလာကိုင်တွယ်တဲ့ မန်စီးတီးက အကောင်းဆုံးပါ”လို့ InfoBae နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့တာပါ။

မက်ဆီဟာ ဂွာဒီယိုလာလက်အောက်မှာ ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလား ၁၄ ခုအထိရယူနိုင်ခဲ့ပြီး သူ့ရဲ့ကစားသမားဘဝမှာ အောင်မြင်မှုအများဆုံးရယူနိုင်ခဲ့တဲ့ အခိုက်အတန့်တစ်ခုလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol