Uncategorized

ယူရိုပြိုင်ပွဲဝင် အင်္ဂလန်လူစာရင်းမှာ ကစားသမားအများဆုံးပါဝင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၂၆ ဦးစာရင်း ထုတ်ပြန်ခဲ့ရာမှာ အံ့အားသင့်ဖွယ် ခရစ္စတယ်ပဲလေ့စ်အသင်းက ကစားသမားအများဆုံးပါဝင်ခဲ့တာဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်ဟာ ဒဏ်ရာရနေတဲ့ မက်ဂွဲယား၊ဂရီလစ်ရှ်နဲ့ မက်ဒီဆင်တို့ကို အပြီးသတ်လူစာရင်းမှာ ချန်လှပ်ပြီး လူငယ်ကစားသမားတွေကို ခေါ်ယူခဲ့တာပါ။အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက ကစားသမား ၄ ဦးအထိ ပါဝင်ခဲ့တာဖြစ်ပါတယ်။

သူတို့တွေကတော့ ဂိုးသမား ဒိန်းဟန်ဒါဆန်၊နောက်ခံလူ ဂူဟီ၊ကွင်းလယ်လူ ဝါတန်နဲ့ တောင်ပံကစားသမား အီဇီတို့ဖြစ်တာပါ။ဒီကစားသမားတွေဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

DARLINGTON, ENGLAND – MAY 30: Eberechi Eze, Marc Guehi, Dean Henderson and Adam Wharton of England pose for a photo during a training session at Rockliffe Park on May 30, 2024 in Darlington, England. (Photo by Eddie Keogh – The FA/The FA via Getty Images)

ယူရိုလူစာရင်းမှာ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့က ၃ ဦးစီနဲ့ အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ဒုတိယအများဆုံးအဖြစ်ပါဝင်ခဲ့တာပါ။အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းနဲ့ ရီးရယ်လ်ကွင်းလယ်လူ ဘယ်လင်ဂမ်တို့ကလွဲပြီး ကျန်တဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားနေကြတဲ့ သူတွေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol