ဘရာဇီးလ်အသင်းဟာ လာမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဝတ်ဆင်မယ့် ကစားသမားတွေရဲ့ကျောနံပတ်တွေကို ထုတ်ပြန်ခဲ့ရာမှာ ရီးရယ်လ်ကြယ်ပွင့် ရိုဒရီဂိုဟာ ဂန္ထဝင်ကစားသမားတွေရဲ့ကျောနံပတ်အမွေအနှစ်ကို ဆက်ပြီးခံရမှာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/444928975_1076286633854241_5471142526303908330_n.jpg)
ရိုဒရီဂိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကျောနံပတ် ၁၀ ကို ဝတ်ဆင်သွားမှာပါ။ဘရာဇီးလ်အသင်းရဲ့ကျောနံပတ် ၁၀ ကိုဝတ်ဆင်တဲ့ နေမာဟာ ဒဏ်ရာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲကို လွဲချော်ခဲ့လို့ ရိုဒရီဂိုဟာ ဒီနံပတ်ကို ဝတ်ဆင်ရမှာဖြစ်ပါတယ်။ဘရာဇီးလ်အသင်းရဲ့ကျောနံပတ် ၁၀ ကို ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ပီလီ၊ရော်နယ်ဒင်ဟိုနဲ့ ကာကာတို့ဝတ်ဆင်ခဲ့တာပါ။
အဲ့ဒါကြောင့် ရိုဒရီဂိုဟာ ကျောနံပတ် ၁၀ ဝတ်ဆင်ခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင်တွေအတိုင်း ကိုပါအမေရိကဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ခြေစွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ရိုဒရီဂိုဟာ ဘရာဇီးလ်အသင်းအတွက် ၂၂ ပွဲကစားထားပြီး ၅ ဂိုးသွင်းယူထားတာပါ။
![](https://www.ballpwel.com/wp-content/uploads/2024/06/morocco-v-brazil-international-friendly-1024x682.jpg)
ရိုဒရီဂိုရဲ့ရီးရယ်လ်အသင်းဖော် ဗီနီစီးယက်စ်ဟာ ဘရာဇီးလ်အသင်းမှာ ကျောနံပတ် ၇ ဝတ်ဆင်မှာဖြစ်ပြီး လူငယ်ကစားသမား အန်းဒရစ်က နံပတ် ၉ ဝတ်ဆင်မှာဖြစ်ပါတယ်။ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမတိုင်ခင်မှာ မက္ကဆီကို၊အမေရိကန်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။