စပါးအသင်းကွင်းလယ်လူ မက်ဒီဆင်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတယ်လို့ သတင်းတွေအများအပြားက ဖော်ပြထားပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/The-Sun.jpg)
နည်းပြ ဆောက်ဂိတ်ဟာ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲပြီးမှ အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းကို ထုတ်ပြန်မှာဖြစ်ပေမယ့် ဗြိတိန်မီဒီယာတွေက မက်ဒီဆင်ချန်လှပ်ခံရမယ်လို့ အခိုင်အမာဖော်ပြခဲ့တာပါ။မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ရာသီအစပိုင်းမှာ စပါးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက်မှာ ခြေစွမ်းတည်ငြိမ်မှုမရှိတော့တာဖြစ်ပါတယ်။
မက်ဒီဆင်ဟာ အင်္ဂလန်အသင်းက ဘော့စနီးယားအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့သလို အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲမှာလည်း ပါဝင်ဖို့ ရှိနေတာပါ။ဒါပေမယ့် စပါးအသင်းကွင်းလယ်လူဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ မရှိတော့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/Sky-Sports.jpg)
ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းအတွက် ၃ လကြာမကစားနိုင်ခဲ့တဲ့ ဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ လက်ရှိအချိန်မှာ သက်သာလာပြီး လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေတဲ့အတွက် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ပါဝင်လာနိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။