Uncategorized

ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ကို အသင်းမှာဆက်ထိန်းသိမ်းချင်တယ်လို့ ဆိုခဲ့တဲ့ လာပေါ်တာ

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ပြီးခဲ့တဲ့ရာသီက အငှားခေါ်ယူခဲ့တဲ့ တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ကို အသင်းမှာဆက်ပြီးထိန်းသိမ်းချင်တယ်လို့ ပြောခဲ့ပါတယ်။

သူတို့ ၂ ဦးစလုံးဟာ ဒီလအကုန်မှာ ဘာစီလိုနာအသင်းနဲ့ အငှားစာချုပ်ကုန်ဆုံးမှာဖြစ်လို့ သူတို့ရဲ့မိခင်အသင်းတွေထံ ပြန်ရတော့မှာပါ။လက်ရှိအချိန်မှာတော့ ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်ပြင်ဆင်နေတာကြောင့် ဒီပြိုင်ပွဲအပြီးမှသာ ဘာစီလိုနာအသင်းဟာ ဒီကစားသမား ၂ ဦးကို ဆက်ပြီးခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ သူတို့ ၂ ဦးစလုံးကို အသင်းမှာဆက်ထိန်းသိမ်းချင်တဲ့အကြောင်း အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ကို အသိပေးထားတာပါ။လာပေါ်တာနဲ့ ဒေကိုတို့ဟာ ဒီအစီအစဉ်ကို သဘောတူထားပြီး နည်းပြသစ် ဟန်ဆီဖလစ်ကလည်း ဒါကို မီးစိမ်းပြသထားတာဖြစ်ပါတယ်။ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ ၂ ဦးစလုံးကလည်း ဘာစီလိုနာအသင်းမှာ ဆက်ပြီးရှိချင်နေတာပါ။

လာပေါ်တာက “ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့ကို အသင်းမှာဆက်ပြီးရှိစေချင်ပါတယ်။ဒေကိုလည်း ဒါကိုလုပ်ဆောင်နေပါတယ်။ဂျာအိုဖီးလစ်ရဲ့အရည်အသွေးက အလွန်ကောင်းမွန်ပြီး ဟန်ဆီဖလစ်ဆိုရင် ဘိုင်ယန်မြူးနစ်မှာကတည်းက သူ့ကိုအလိုရှိခဲ့တာ”လို့ ဆိုခဲ့ပါတယ်။

ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် ၄၂ ပွဲကစားခဲ့ပြီး ၄ ဂိုးသွင်းယူနိုင်ခဲ့ကာ ဂျာအိုဖီးလစ်ကတော့ ၄၄ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol