Uncategorized

ဖင်လန်နဲ့ ခြေစမ်းပွဲမှာ ပေါ်တူဂီအတွက် ၂ ဂိုးသွင်းခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ်တူဂီအသင်းက ဖင်လန်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ နိုင်ငံအသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပါတယ်။

ဘရူနိဖာနန်ဒက်စ်ဟာ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းရောက်မှ ပေါ်တူဂီအသင်းအတွက် လူစားဝင်ခဲ့ပေမယ့် ၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက်ဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်အပြင် ရူဘင်ဒီယက်ဇ်နဲ့ ဂျိုတာတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ်တူဂီအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၁၀ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးထားတာပါ။

အသင်းခေါင်းဆောင် စီရော်နယ်ဒိုကတော့ အနားယူနေတာကြောင့် ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။နည်းပြ ရောဘတ်တိုမာတီနက်ဇ်လက်ထက်မှာ ရလဒ်ကောင်းတွေရရှိနေတဲ့ ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင်မှာ ခရိုအေးရှား၊အိုင်ယာလန်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။

Soccer Football – International Friendly – Portugal v Finland – Estadio Jose Alvalade, Lisbon, Portugal – June 4, 2024 Portugal’s Bruno Fernandes scores their third goal as Finland’s Matti Peltola looks on REUTERS/Pedro Nunes

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချက်၊တူရကီ၊ဂျော်ဂျီယာအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol