Uncategorized

ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့နိုင်တယ်လို့ ပြောခဲ့တဲ့ ဒီဘရိုင်းနား

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားက ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့မယုံနိုင်လောက်စရာငွေကြေးပမာဏနဲ့ ကမ်းလှမ်းမှုကြောင့် ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့နိုင်တယ်လို့ ပြောခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဒီဘရိုင်းဟာ မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့ ၉ နှစ်တာကာလအတွင်းမှာဆုဖလားပေါင်း ၁၆ ခုအထိရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၁ နှစ်သာကျန်ရှိတော့ပြီး ဘယ်လ်ဂျီယံကစားသမားကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက ချိတ်ဆက်မှုတွေပြုလုပ်နေတာပါ။

ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် သူ့ရဲ့အနာဂတ်အတွက်ရွေးချယ်မှုတွေပြုလုပ်နေပြီး ဇနီးဖြစ်သူအတွက်လည်း နေရာအသစ်ကိုသွားရောက်ပြီး စွန့်စားခန်းဖွင့်ရတာ အဆင်ပြေတယ်လို့ ဘယ်လ်ဂျီယံသတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

ဒီဘရိုင်းက “စာချုပ်က ၁ နှစ်ပဲကျန်တော့တာကြောင့် ဘာဖြစ်လာနိုင်မလဲဆိုတာ စဉ်းစားရပါမယ်။ကျနော့်သားအကြီးဆုံးက ၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူဟာ အင်္ဂလန်ကလွဲပြီး ဘာမှမသိပါဘူး။သူက မန်စီးတီးမှာ ဘယ်လောက်ကြာကြာကစားမှာလဲလို့ ကျနော့်ကို မေးပါတယ်။ကျနော့်ရဲ့အသက်အရွယ်အရ အရာအားလုံးကို ဖွင့်ထားဖို့လိုပါတယ်”

“ကျနော့်ကစားသမားဘဝရဲ့အဆုံးသတ်ဖြစ်တဲ့ မယုံနိုင်လောက်စရာငွေကြေးပမာဏအကြောင်းကို ပြောနေတာဖြစ်ပြီး ဒါကို စဉ်းစားရမှာပါ။ဆော်ဒီမှာ ၂ နှစ်လောက်ကစားရင် မယုံနိုင်လောက်တဲ့ ငွေပမာဏကို ရရှိမှာဖြစ်ပြီး ကျနော်ကစားခဲ့တဲ့ ၁၅ နှစ်မှာ ဒီပမာဏကို မရရှိသေးပါဘူး။အဲ့ဒါကြောင့် ကျနော်ဟာ ဒါကို စဉ်းစားရမယ်”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol