လူငယ်ကြယ်ပွင့် အိုမာရီဖော်ဆန်ဟာ အသင်းက စာချုပ်ချုပ်ဆိုဖို့ နောက်ဆုံးအကြိမ်ကမ်းလှမ်းခဲ့တာကို ငြင်းဆန်ခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ နွေရာသီမှာ သူ့ကိုအလွတ်နဲ့ ဆုံးရှုံးရဖွယ်ရှိနေတာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/55154c20-224d-11ef-aa0a-eb9a3a4354a9.jpg)
ဖော်ဆန်နဲ့ ယူနိုက်တက်အသင်းတို့ဟာ စာချုပ်သစ်အတွက် လွန်ခဲ့တဲ့ ၆ လကျော်ကတည်းက ညှိနှိုင်းခဲ့ပေမယ့် စာချုပ်ဟာ ဇွန် ၃၀ ရက်ကျရင်ကုန်ဆုံးတော့မှာပါ။ဖော်ဆန်ရဲ့ကိုယ်စားလှယ်တွေက သူ့ရဲ့ကစားသမားဟာ နွေရာသီမှာ အသင်းသစ်တစ်သင်းထံ ထွက်ခွာတော့မယ်လို့ ယူနိုက်တက်အသင်းကို အသိပေးထားပြီးဖြစ်ပါတယ်။
ဖော်ဆန်ဟာ ပြီးခဲ့တဲ့ ဝီဂန်အသင်းနဲ့ FA ဖလားပွဲစဉ်မှာ လူစားဝင်အဖြစ်နဲ့ ယူနိုက်တက်အသင်းအတွက် ပါဝင်ခွင့်ရခဲ့တာပါ။ဖော်ဆန်ဟာ ဖူလ်ဟမ်အသင်းနဲ့ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ဖော်ဆန်နဲ့ စာချုပ်သစ်အတွက် သဘောတူညီနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခုအချိန်မှာတော့ လူငယ်ကစားသမားကို အလွတ်နဲ့ ဆုံးရှုံးရတော့မှာပါ။
![](https://www.ballpwel.com/wp-content/uploads/2024/06/GettyImages-2035434380-1140x760-1-1024x683.jpg)
ဖော်ဆန်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၇ ပွဲပါဝင်ကစားခဲ့တာဖြစ်ပါတယ်။