Uncategorized

ဘော့စနီးယားနဲ့ပွဲမှာ အင်္ဂလန်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ ပါလ်မာ

ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းနဲ့အတူ တောက်ပခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ဘော့စနီးယားအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ နည်းပြဆောက်ဂိတ်ဟာ ကိုးလ်ပါလ်မာ၊အီဇီ၊ဂူဟီ၊ကွန်ဆာ၊ဂါလက်ဂါ၊ဘိုဝင်၊ဝက်ကင်စ်တို့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုသွားခဲ့တာပါ။အင်္ဂလန်အသင်းက ဘော့စနီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ကိုးလ်ပါလ်မာဟာ ပင်နယ်တီကနေ တစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ကိုးလ်ပါလ်မာဟာ အင်္ဂလန်အသင်းအတွက် ၃ ပွဲပါဝင်ကစားအပြီးမှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ပွဲအပြီးမှာ ကိုးလ်ပါလ်မာက ဟာရီကိန်းသာ ကွင်းထဲရှိနေရင် သူပင်နယ်တီကန်သွင်းခွင့်ရမှာမဟုတ်ပေမယ့် အခုလိုအခွင့်အရေးရရှိလာချိန်မှာ ဂိုးဝင်အောင် သွင်းနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်တယ်လို့ ဆိုခဲ့ပါတယ်။

ကိုးလ်ပါလ်မာဟာ ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအတွက် ခြေစွမ်းပြသနိုင်ခဲ့သလို ဒီပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ပါဝင်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol