ဘတ်ပီဟာ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ရီးရယ်လ်အပြောင်းအရွှေ့ဖြစ်ခဲ့အပြီးမှာ သူ့ရဲ့အိုင်ဒေါဖြစ်တဲ့ အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုဆီကနေ မက်ဆေ့ချ်ရရှိခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/resize-1024x576.webp)
ရီးရယ်လ်အသင်းဟာ အခုလအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ဘတ်ပီဟာ ရီးရယ်လ်အသင်းက သူ့ရဲ့အပြောင်းအရွှေ့ကို ကြေညာပြီးနောက်မှာ ငယ်ဘဝက ရီးရယ်လ်အသင်းဂျာစီနဲ့ ရိုက်ထားတဲ့ပုံ၊ရော်နယ်ဒိုနဲ့ ရိုက်ထားတဲ့ပုံတွေကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဘတ်ပီတင်ထားတဲ့ပို့စ်အောက်မှာ ပြင်သစ်ကစားသမားကို အားပေးတဲ့ မက်ဆေ့ချ်ရေးသွားခဲ့တာပါ။ရော်နယ်ဒိုက “စောင့်ကြည့်ဖို့ ငါအလှည့်ရောက်ပါပြီ။ ဘာနေဗျူးမှာ တောက်ပနေမှာကို မြင်တွေ့ရဖို့ စိတ်လှုပ်ရှားတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/رونالدو.webp)
ရီးရယ်လ်ပရိသတ်တွေဟာ ဘတ်ပီကို သူ့ရဲ့အိုင်ဒေါလ်ဖြစ်တဲ့ ရော်နယ်ဒိုရဲ့ခြေရာကိုနင်းပြီး အသင်းမှာ အောင်မြင်မှုတွေရယူနိုင်ဖို့ မျှော်လင့်နေကြတာပါ။ဘတ်ပီဟာ ရီးရယ်လ်ကစားသမားသစ်အဖြစ် ယူရိုပြိုင်ပွဲအပြီးမှာ တရားဝင်မိတ်ဆက်ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။