ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီဟာ နိုင်ငံအသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ အိပ်မက်မက်နေပေမယ့် အခုတော့ သူ့ရဲ့အိပ်မက်တွေဟာ အဆုံးသတ်သွားခဲ့ရပြီဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/France-forward-Kylian-Mbappe-during-a-training-session-1024x689.jpg)
ပြင်သစ်အိုလံပစ်အသင်းနည်းပြ အွန်နရီဟာ အိုလံပစ်ပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၅ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဘတ်ပီပါဝင်လာခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ဘတ်ပီဟာ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ စိတ်အားထက်သန်နေပေမယ့် သူ့ရဲ့အသင်းသစ်ဖြစ်တဲ့ ရီးရယ်လ်အသင်းက ဒါကို ခွင့်ပြုခဲ့ခြင်းမရှိတာပါ။
ဘတ်ပီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ပါဝင်မှာဖြစ်သလို အိုလံပစ်ပြိုင်ပွဲမှာပါ ပါဝင်ကစားခဲ့ရင် ရာသီသစ်အတွက် အသင်းရဲ့ပြင်ဆင်မှုကို ထိခိုက်မှာကို ရီးရယ်လ်အသင်းက စိုးရိမ်နေတာပါ။အဲ့ဒါကြောင့် ရီးရယ်လ်အသင်းက ဘတ်ပီကို အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ဖို့ ခွင့်မပြုခဲ့ဘူးလို့ နည်းပြ အွန်နရီက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/၅.jpg)
ဘတ်ပီမပါဝင်ပေမယ့် ပြင်သစ်အိုလံပစ်ပဏာမစာရင်းဟာ တောင့်တင်းပြီး ပဲလေ့စ်အသင်းက အိုလီဆီနဲ့ မာတီတာ၊ဘိုင်ယန်အသင်းက တဲလ်၊ပီအက်စ်ဂျီအသင်းက ဇိုင်ရီအမ်မရီတို့ပါဝင်ခဲ့သလို လိုင်ယွန်အသင်းတိုက်စစ်မှူး လာကာဇတ်တီလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။